မိမိတွင် COVID-19 ရောဂါ”ကိုယ်ခံအား(Antibody)” ထွက်ခြင်းရှိမရှိ မှန်ကန်တိကျစွာစစ်ဆေးနိုင်တော့မည့် သတင်းကောင်း

မိမိတွင် COVID-19 ရောဂါ”ကိုယ်ခံအား(Antibody)” ထွက်ခြင်းရှိမရှိ မှန်ကန်တိကျစွာစစ်ဆေးနိုင်တော့မည့် သတင်းကောင်း

  • 20-05-2020
  • opshead
  • Pacific-AA Foundation , AA Medical Products Ltd , CSR activity , Covid-19 , Antibody Test

မိမိတွင် COVID-19 ရောဂါ”ကိုယ်ခံအား(Antibody)” ထွက်ခြင်းရှိမရှိ မှန်ကန်တိကျစွာစစ်ဆေးနိုင်တော့မည့် သတင်းကောင်း

🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹 ▪️Covid-19 ကိုယ်ခံအား မိမိတွင်ရှိမရှိစစ်ဆေးရန် ဘာလို့အရေးကြီးလဲ?.......

🔹Covid-19 ရောဂါ ကိုယ်ခံအား မိမိတွင် ထွက်မထွက် သိရှိရန်စစ်ဆေးသည့် ယုံကြည်စိတ်ချမှန်ကန်သည့် Roche Elecsys Anti SARS-CoV-2 reagent အသစ်သည် မေလ၊၂၀၂၀ တွင် ကမ္ဘာကျော် Roche Diagnostics ကုမ္မဏီက တီထွင်ထုတ်လုပ်လိုက်ပါပြီ။ ၂၀၂၀၊ မေလ (၂)ရက်နေ့တွင် အမေရိကန်နိုင်ငံFDA တွင် မှတ်ပုံတင်ရခဲ့ပြီး EU နိုင်ငံအသိအမှတ်ပြု CE mark လည်းရရှိပြီး US, UK, Australia အပါအဝင်နိုင်ငံပေါင်း (၉၈)နိုင်ငံမှ မှာယူတင်သွင်း သုံးစွဲနေကြပြီဖြစ်သည်။ ▪️ထို reagent (Covid-19 antibody test) ဟာ ဘယ်သူတွေ Covid-19 ရောဂါပိုးကူးစက်ခံရပြီးပြီလဲ? ဒါမဲ့ ထိုလူတွေကူးစက်ခံရတာကို ယခင်က မစစ်ဆေးလို့၊ ရောဂါလက္ခဏာမပြလို့ မသိခဲ့ဘူးဆိုရင် အခုသိနိုင်ပါပြီ။

🔹 https://www.linkedin.com/posts/roche_covid19-activity-6665575058884317184-SIQI

လေ့လာချက်များအရ ကိုယ်ခံအားထွက်နေတယ်လို့ အထက်ပါ immunoassay test (Covid-19 Antibody test) မှာ positive ပြရင် သူ့မှာကိုယ်ခံအားထွက်နေပြီ (သို့) ထိုသူဟာ Coronavirus ပြန်ကူးခံရရင်တောင် ကိုယ်ခံအားမရှိတဲ့သူနဲ့ယှဉ်ရင် ရောဂါအခြေအနေဆိုးရွားမှူလျော့နည်းနိုင်တယ်ဆိုတာ သိရမှာဖြစ်ပါတယ်။ confirmationအတွက် နှစ်ကြိမ်စစ်ရာမှာ နှစ်ကြိမ်လုံးnegative ပြတယ်ဆိုရင် လုပ်ငန်းခွင်ပြန်ဝင်လို့ရပြီ.....လို့သိရပါတယ်။

▪️ https://www.linkedin.com/posts/roche_covid19-activity-6665575058884317184-SIQI

ထပ်မံလေ့လာချက်များအရ Covid-19 ရောဂါဖြစ်ပြီးပြန်ကောင်းလာသူများကိုလည်း ကိုယ်ခံအားထွက်နေပြီလားဆိုတာသိရန်လည်း စစ်လို့ရပါတယ်။ ဒီ test ကိုသုံးပြီး Covid-19 ကာကွယ်ဆေးပေါ်လာတဲ့အခါ ကာကွယ်ဆေးထိုးပြီးရင် ထိရောက်ရဲ့လား? ကာကွယ်ဆေးထိုးပြီး ကိုယ်ခံအားထွက်ရဲ့လားဆိုတာ သိရအောင်လည်းစစ်လို့ရပါတယ်။ ဒါမှသာ ကာကွယ်ဆေးအောင်မအောင်သိရမှာပါ။

🔹ဒါပြင့် ဒီ test လုပ်ခြင်းဖြင့် ကိုယ်ခံအားမထွက်တဲ့လူ၊ Covid-19 တခါမှကူးစက်မခံရသေးတဲ့သူကိုဦးစားပေးကာကွယ်ဆေးထိုးပေးရန် စီစဉ်လို့ရပါပြီ။ ▪️မြန်မာပြည်လူဦးရေရဲ့ ၆၀-၇၀%ကိုစစ်လိုက်နိုင်ပါက ထိုလူဦးရေမှာ ကိုယ်ခံအားတွေထွက်နေပြီဆိုရင် Covid-19 virus ဟာမြန်မာပြည်မှာ ဆက်ပြန့်ဖို့မလွယ်တော့ဘူးဆိုတာသိရပါမယ်။

🔹အဆိုပါ reagent (Covid-19 antibody test) သည် Real Time PCR test ထက် အဆပေါင်းများစွာစျေးသက်သာပြီး သွေးထုတ်စစ်ဆေးရသဖြင့် စစ်ဆေးရန်နည်းလမ်းမှာလွယ်ကူရိုးရှင်းပါသည်။ (Cobas 6800 စက်နှင့်တွဲဖက်သုံးစွဲရသည့် နှာခေါင်း/အာခေါင်တို့ဖတ်ဖြင့် COVID-19 ရောဂါရှာဖွေရေးဆေးရည် reagent (RT PCR test) သည် US$25 ကျသင့်ချိန်တွင် အခုအသစ်ပေါ်လာသော COVID-19ရောဂါ ကိုယ်ခံအားရှိမရှိရှာဖွေသည့်ဆေးရည် reagent (COVID-19 Antibody test) သည် US$2.5 သာကျသင့်ပါသည်) ▪️ထို့အပြင် အများသိနေသော မတိကျမမှန်ကန်သည့် အိပ်ဆောင်သယ်ယူလို့ရသော Rapid Diagnostics Test kit လည်းမဟုတ်ပါ။ Roche Cobas e411 စက်သုံး၍စစ်လျှင် တစ်နေ့လျှင် 300 tests စစ်နိုင်ပြီး Roche Cobas e601စက်ဖြင့်စစ်လျှင် တစ်နေ့လျှင် 800 tests စစ်နိုင်ပါသည်။ တိကျမှူမှာ SARS-CoV-2 Virus ပိုးနှင့်ပတ်သတ်လျှင် 99.8% specific ဖြစ်ပြီး 100% sensitive ဖြစ်ပါသည်။

🔹ထိုအသစ်ပေါ်လာသော Covid-19 ကိုယ်ခံအားထွက်မထွက်သိရှိရန်စစ်သော Elecsys Anti SARS-CoV-2 reagent အသစ်ကို မြန်မာနိုင်ငံ​၏ အစိုးရ၊ ပုဂ္ဂလိက နှင့်တပ်မတော် ဆေးရုံများတွင် ရှေးယခင်ထဲကရှိပြီးဖြစ်သော Roche Cobas e411, Cobas e601, Cobas e801 analyser စက်များတွင် ထည့်၍ စစ်လို့ရပါသည်။

🔹အထက်ပါ Roche Cobas e411, Cobas e601, Cobas e801 analyser စက်များသည် ရှေးယခင်ကတည်းက အစိုးရ၊ ပုဂ္ဂလိက၊ တပ်မတော်ဆေးရုံများနှင့် ဓာတ်ခွဲခန်းများတွင် Hepatitis B, Hepatitis C, HIV ​ရောဂါများနှင့် ပတ်သက်သည့် ကိုယ်ခံအားထွက်မထွက်ရှာခြင်းတွင်၎င်း၊ Cancer ရောဂါများအခြေအနေဆန်းစစ်၍ ကုထုံးများဆုံးဖြတ်ရာတွင်၎င်း၊ လူနာ​၏ဟော်မုန်းရောဂါအခြေအနေစစ်ဆေး၍ ကုထုံးဆုံးဖြတ်ရာတွင်၎င်း၊ နှလုံးရောဂါ၊ အရိုးရောဂါ၊ သွေးအားနည်းရောဂါများတွင် ကုထုံးကို စဉ်းစားဆုံးဖြတ်ရန်၎င်း အထောက်အကူပြု စစ်ဆေးမှူအဖြစ် ဆရာဝန်များ၊ ဆေးရုံများမှ ကျယ်ကျယ်ပြန့်သုံးနေကြသော စက်ဖြစ်ပါသည်။

▪️ယခု အသစ်ပေါ်ထွက်လာသော Elecsys Anti SARS-CoV-2 reagent အသစ် (Covid-19 Antibody test) ကိုအသုံးပြုပြီး (၁)ကျန်းမာရေးဝန်ထမ်းများအားလုံးကို၎င်း၊ (၂)ရောဂါပြန့်ပွားမှူများနေသော နေရာဒေသရှိပြည်သူများကို၎င်း၊ (၃)သန့်ရှင်းရေးဝန်ထမ်းများ၊ (၄)ပရဟိတစေတနာရှင်များ၊ (၅)ကျောင်းပြန်တက်ကြမည့် ကျောင်းသား၊ ကျောင်းသူများကို စစ်ပေးခြင်းဖြင့် COVID-19 ရောဂါကူးစက်ခံခဲ့ရမှူရှိမရှိခွဲခြားနိုင်ပြီး ခံနိုင်ရည်ရှိသူနှင့် ကူးစက်ခံရလွယ်သူများအဖြစ် အုပ်စုခွဲခြားနိုင်ပါမည်။ ထို့အပြင် ယခု Covid-19 antibody test ကို အသုံးချလျှက် ၁)Convalescence Plasma ကိုကုသရေးအတွက်အသုံးပြုလိုပါက Antibody positive သွေးများကြိုတင်စုဆောင်းထားနိုင်ခြင်း။ ၂)အမှန်တကယ်ကူးစက်ခံရသူအရေအတွက်ကို အတိအကျသိခြင်းအားဖြင့် ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးအတွက် ချမှတ်ထားသောအစီအစဉ်များ ထိရောက်မှူရှိမရှိဆန်းစစ်ရန်နှင့် ပိုမိုကောင်းမွန်အောင်တိုးချဲ့ဆောင်ရွက်နိုင်ခြင်း။ ၃)ကာကွယ်ဆေးထွက်ပေါ်လာချိန်တွင် ကာကွယ်ဆေးထိုးနှံမှူကို အရေးကြီးသည့် အုပ်စုအလိုက် ဆောင်ရွက်ပေးနိုင်ရန် ကြိုတင်ပြင်ဆင်အဆင်သင့်ဖြစ်စေခြင်း။ ၄)ရောဂါကင်ရှင်းကြောင်းထောက်ခံချက်ပေးနိုင်ခြင်း။ စသည့် အကျိုးကျေးဇူးများစွာရရှိမှာဖြစ်ပါသည်။ Real time PCR စစ်ဆေးမှူသည် ယခုလိုကပ်ရောဂါအခြေအနေတွင် ကုန်ကျစရိတ်ကြီးမြင့်သဖြင့်၎င်း၊ တစ်ကမ္ဘာလုံး PCR test များအလုံအလောက်မရသဖြင့် အားလုံးစစ်နိုင်ဖို့ရန်ခက်ခဲသည့် အတွက်ကြောင့်၎င်း၊ ယခု Covid -19 Antibody test ကို အထက်ပါကိစ္စများအတွက် သုံးရန်အလွန်သင့်တော်ပါသည်။

🔹ထို့ကြောင့် ယခုအခါ နိုင်ငံပေါင်း (၉၈)နိုင်ငံ (USA, Canada, all European Union countries, Japan, South Korea, Taiwan, Hong Kong, Philippine, Malaysia, Cambodia, Laos, Vietnam, Indonesia, India, Bangladesh, Nepal, Sri Lanka, Singapore, New Zealand, Australia, Austria, Algeria, Burkina, Faso, Cote d'Ivoire, France, French Guyana, Guadeloupe, Luxembourg, Martinique, Morocco, Reunion, Senegal, Germany, Italy, Spain, Azerbaijan, Georgia, Kazakhstan, Turkey , Uzbekistan, Cyprus Iceland, Ireland, Israel Malta, United Kingdom, Egypt, Kuwait, Bahrain United Arab Emirates, Iraq Jordan, Lebanon, Maldives, Oman, Palestine Qatar, Saudi Arabia, Belgium, Denmark, Finland, Netherlands, Norway, Angola, Mozambique, Portugal Sweden, Switzerland Bosnia & Herzegovina, Croatia, Czech Republic Greece, Hungary, Latvia Estonia, Lithuania,Armenia Bulgaria, Moldavia Mongolia, Poland Ukraine, Romania Russian Federation, Slovakia, Slovenia South Africa, Argentina Brazil, Barbados Costa Rica, Dominican Republic, Jamaica Trinidad & Tobago Chile, Colombia,Ecuador Mexico) ကယခုတင်ပြသော Immunoassay test ကို ပြုလုပ်ရန် အမြောက်အမြားမှာယူတင်သွင်းနေကြပါပြီ။ လူဦးရေ (၅)သန်းမျှရှိသော Singapore နိုင်ငံသည်ပင် ၎င်း​၏ပြည်သူများအားစစ်ပေးရန် testတီထွင်ပြီး(၁)လအတွင်းtest (၁)သန်း Roche Diagnostic ထံမှမှာယူတင်သွင်းကြောင်းသိရှိရပါသည်။ ▪️AA Medical Products Ltd(Pacific-AA Foundation) အနေဖြင့် အမေရိကန်FDA approvalရပြီးချက်ချင်း မြန်မာနိုင်ငံသို့တင်သွင်းရန်ကြိုးပမ်းခဲ့ပါသည်။ ထို့ကြောင့် မေလ(၁၁)ရက်နေ့တွင် မြန်မာနိုင်ငံ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)သို့ အဆိုပါ elecsys Anti SARS-CoV-2 Reagent ကို Import Recommendation (IR) များလျှောက်ထားရန်အတွက် မှတ်ပုံတင်ဆိုင်ရာစာရွက်စာတမ်းများနှင့်အတူ IR approvalကိုလျှောက်ထားခဲ့ပါသည်။

🔹အလားတူ မေလ(၁၂)ရက်တွင် တပ်မတော် ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံးသို့ အဆိုပါ elecsys Anti SARS-CoV-2 Reagentကို တင်သွင်းအသုံးပြုခွင့်ကို လျှောက်ထားခဲ့ပါသည်။ ▪️မြန်မာနိုင်​၏ ကျန်းမာရေးစောင့်ရှောက်မှူတွင် Pacific-AA Groupအနေဖြင့် တစ်ဒေါင့်တစ်နေရာမှပါဝင်နိုင်ရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန (MOHS) တွင် သက်စွန့်ဆန်ဖျား အလုပ်လုပ်ကိုင်နေကြသော ကျန်းမာရေးဝန်ထမ်းများ၊ frontliners များ​၏ ကိုယ်ခံအားအခြေအနေ (Immuno assay test) များဆောင်ရွက်နိုင်ရန်အတွက် test 33,000စာ (တန်ဖိုးကျပ် - ၁၁၉,၆၂၅,၀၀၀/-)ကို FDA မှ Import Recommendation ရပြီးလျှင် လှူဒါန်းရန်လည်း မေလ(၁၁)ရက်တွင် တင်ပြခဲ့ပါသည်။

🔹အလားတူပင် တပ်မတော်ဆေးရုံများတွင် တာဝန်ထမ်းဆောင်နေကြသည့် ဆရာဝန်များ၊ ကျန်းမာရေးစောင့်ရှောက်သည့်ဝန်ထမ်းများအား (Immuno assay test) များဆောင်ရွက်နိုင်ရန်အတွက် test 10,000စာ (တန်ဖိုးကျပ် - ၃၆,၂၅၀,၀၀၀/-)ကို လှူဒါန်းရန်လည်း တင်သွင်းအသုံးပြုခွင့်ရပြီးချိန်တွင် လှူဒါန်းရန် တင်ပြလျှောက်ထားခဲ့ပါသည်။ ▪️ဤသို့လျှောက်ထားရာ တပ်မတော် ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံးမှ ယနေ့ (၂၀.၅.၂၀) နေ့၌မင်္ဂလာဒုံခုတင်(၁၀၀၀)စစ်ဆေးရုံ​၏ ဆေးတပ်မှူးကြီး Dr.မြင့်ဇော် ဦးဆောင်သော ဆရာဝန်များက Roche Elecsys Anti SARS-CoV-2 Reagent test 10,000စာ လှူဒါန်းမှူကိုလက်ခံခဲ့ပါသည်။ ထို reagent များကို တပ်မတော်ဆေးရုံများ၌ တာဝန်ထမ်းဆောင်နေကြသော ကျန်းမာရေးဝန်ထမ်းများနှင့် တပ်မတော်စစ်ဆေးရုံများတည်ရှိရာ နယ်မြေဒေသများရှိပြည်သူများကို စစ်ဆေးပေးသွားမည်ဖြစ်ကြောင်းသိရပါသည်။

🔹ယခုအခါ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာန(FDA)ထံမှ အဆိုပါ immunoassay reagent ကို Import Recommendation approval ရရှိပြီးသည့်အခါ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ (၃၃,၀၀၀) test လှူဒါန်းရန်ပြင်ဆင်လျှက်ရှိကြောင်း ကြိုတင်သတင်ကောင်းပါးအပ်ပါသည်။

❣️စုစုပေါင်း Immunoassay test လှူဒါန်းမှူ test (43,000)စာ ကျပ်-၁၅၅,၈၇၅,၀၀၀/- (ကျပ်သိန်း ၁၅၅၈ သိန်းကျော်) ဖြင့် မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ရှာဖွေ၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် အုပ်တစ်ချပ်သဲတစ်ပွင့်အဖြစ် တတ်အားသရွေ့ ကြိုးစားဆောင်ရွက်ခြင်းဖြစ်ပါသည်။🙏🙏🙏

https://www.theguardian.com/world/2020/may/13/public-health-england-approves-roche-test-for-coronavirus-antibodies

#AAMedicalProductsLtd

#PacificAAFoundation