Health

AA Medical Products partners with Roche Diagnostics for blood donation event

AA Medical Products partners with Roche Diagnostics for blood donation event

Inspired by the saying “Save Lives with Your Blood”, AA Medical Products Ltd. partnered with Roche Myanmar Co. Ltd. (Diagnostics Division) for a blood donation event at the National Blood Center. From 1 to 3pm on Tuesday 21st July 2015, 50 staff donated blood.

At the event, Mr. Lance Little, Head of APAC, Roche Diagnostics, presented a talk on the importance of using proper equipment, such as using fully automated immunology analyzers to get clean blood, and nucleic acid testing instruments to track the genomes of different viruses.

The Managing Director of AA Medical Products, U Zaw Moe Khaing, also gave a speech on his company’s support of this event, donating 1,000,000 lakhs as well as 100 bottles of “Feropac”, an iron supplement produced by AA Medical Products.

The Director of the National Blood Center, Prof. Thida Aung, also delivered a thank you address. The event was followed by a Q&A session with the press.

'သင့်သွေးဖြင့် အသက်ကယ်ပါ'' ဟူသောစကားလေးအတိုင်းသွေးလှူဒါန်းခြင်းသည် သွေးသွင်းကုသရန် လိုအပ်သော လူနာများ၏ အသက်ပေါင်းများစွာကို ကယ်တင်ခြင်းမည်၏။ AA Medical Products Ltd. နှင့် Roche Myanmar Co. Ltd (Diagnostics Division) တို့ ပူးပေါင်း၍ သွေးလှူဒါန်းပွဲကို (2015) ခုနှစ်၊ ဇူလိုင်လ (21) ရက် (အင်္ဂါနေ့)၊နေ့လည် (1)နာရီမှ (3)နာရီအထိအမျိုးသားသွေးဌာနရန်ကုန်တွင် ကျင်းပခဲ့ပါသည်။

သွေးလှူခြင်းအခမ်းအနားတွင် AA Medical Products Ltd. မှ ဝန်ထမ်းပေါင်း (၅၀)ကျော်တို့က ကိုယ်တိုင်ပါဝင်၍ သွေးလှူဒါန်းခဲ့ကြပါသည်။ အခမ်းအနားတွင် Mr. Lance Little (Head of APAC, Roche Diagnostics) မှ သန့်စင်သောသွေး ရရှိရေးအတွက် အနုဇီဝကမ္မဗေဒဆိုင်ရာ ပဋိပစ္စည်းစစ် ဓာတ်ခွဲခန်းသုံးစက်ကိရိယာများ (Fully automated immumology analyzer) နှင့် ဗိုင်းရပ်(စ်)ပိုးများ၏ မျိုးရိုးဗီဇကိုတိုက်ရိုက်စစ်ဆေးသောနည်းပညာသုံးစက်ကိရိယာများ (nucleic acid testing instrument) ၏ အရေးကြီးပုံတို့ကိုရှင်းလင်းတင်ပြခဲ့ပါသည်။

အခမ်းအနားတွင် AA Medical Products Ltd. မှအုပ်ချုပ်မှုဒါရိုက်တာဦးဇော်မိုးခိုင်မှ ယနေ့သွေးလှူဒါန်းပွဲအခမ်းအနား ကျင်းပရခြင်း၏ရည်ရွယ်ချက်ကို ရှင်းပြပြီးအမျိုးသားသွေးဌာနအတွက် အလှူငွေကျပ်ဆယ်သိန်းတိတိနှင့် သံဓာတ်အားဖြည့်ဆေး ''Feropac'' ဘူး (၁၀၀) ကိုလှူဒါန်းခဲ့ပါသည်။ အမျိုးသားသွေးဌာနရန်ကုန်၏ ညွှန်ကြားရေးမှူး ပါမောက္ခ ဒေါက်တာသီတာအောင်မှ လည်းသွေးလှူရှင်များနှင့် အခမ်းအနား တက်ရောက်သူများအားလုံးကို ကျေးဇူးတင်စကား ပြောကြားပြီး အခမ်းအနားကို အောင်မြင်စွာကျင်းပခဲ့ပါသည်။

ထို့နောက် မီဒီယာများမှ သိရှိလိုသည်များကို သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များမှ ပြန်လည်ဖြေကြားပေးခဲ့ပါသည်။